As part of our company HR policy, we value “Win Win Together culture” for both our people and company since our people represent the foundation of our success.
We are committed to being an employer of choice through building our people by continuously developing our employees’ talent through inhouse and external training courses as well as providing positive employee engagement through caring and closely communicating with our employees.
We also offer attractive remuneration packages as well as other performance bonuses and benefits through annual 360 degree performance appraisal. As a result, various incentive allowances are given to ensure that individual contribution is recognized and rewarded fairly.
Assistant Purchaser
ကျွန်တော်ကတော့ “Jun 2016 မှစတင်ကာ Assistant purchaser ရာထူးဖြင့် စတင်တာဝန်ထမ်းဆောင်ခဲ့ ပါသည်။ဆောက်လုပ်ရေးနှင့်ပက်သက်သည့်အသိပညာ အတတ်ပညာဗဟုသုတများကို ကျွန်တော်၏အထက် အရာရှိများဖြစ်သည့် MD နှင့် ED မှသင်ကြားပေးပြီး ကျွန်တော်အနေဖြင့်လည်း ဆောက်လုပ်ရေး ပညာရပ်များ ကိုလည်း တစေ့တစောင်း လေ့လာခွင့် ရရှိခဲ့ပါသည်။
မိမိအသက်မွေးဝမ်းကြောင်း ပညာရပ်တစ်ခု ကို ကုမ္ပဏီမှ မိသားစုကဲ့သို့ သင်ကြား ပေးသည့်အတွက်လွန်စွာ ကျေးဇူးတင်မိပါသည်။ကုမ္ပဏီမှာ ရေရှည်လုပ်ကိုင်ခြင်း ကြောင့် ကုမ္ပဏီမှ ပေးသော (3)နှစ်ပြည့်လုပ်သက်ရှည်ဆု Long Service Award နှင့် ကုမ္ပဏီမှ ဝန်ထမ်းများနှင့် စည်းစည်းလုံးလုံးညီညီ ညွှတ်ညွှတ်လုပ်ကိုင်နိုင်ခြင်းကြောင့် Good Teamwork Award ဆုကိုလည်းရရှိခဲ့ပြီးဖြစ်ပါသည်။
Haven Group of Companies တွင်ရှိသော ဝန်ထမ်းများ၏တဦးနှင့်တစ်ဦးရိုင်းပင်းကူညီတတ်တဲ့စိတ်ဓါတ်ရှိခြင်းနှင့် နွေးထွေးမှုရှိခြင်း တို့ကြောင့် အလုပ်လုပ်ရာမှာ ပျော်ရွှင်မှု များကိုရရှိခံစားရပြီး MD / ED ၏ ဆိုဆုံးမ ပြောဆိုမှုများနှင့် နည်းပြပေး မှုတို့ကြောင့် မိမိကိုယ်ကို ယုံကြည်မှုနှင့် တိုးတက်မှုများကို ရရှိရခြင်း ကြောင့် Haven Group of Companies တွင် ရေရှည်လုပ်ကိုင်သွားမည်ဖြစ်ပါသည်။
Accountant
ကျွန်မ ကတော့ Dec 2016 မှ စတင်ကာ Cashier ရာထူးဖြင့် အလုပ် စတင်ဝင်ရောက်ခဲ့တာဖြစ်ပြီး ယခုအခါ
မှာတော့ Accountant ရာထူး အထိ အဆင့်ဆင့် ရာထူးတိုးမြှင့်ခြင်းခံထားရတဲ့ ဝန်ထမ်းတစ်ဦး ဖြစ်ပါသည်။
Haven Group of Companies ၏ (Best Employee of the Year 2019) ဆု ဖြစ်တဲ့ ရွှေသားအစစ် ( ရွှေတစ်ကျပ်သား)ဆုကို 360 ဒီဂရီ အထက်အောက် အမှတ်ပေး စည်းမျဉ်းများနှင့်အတူ ဒီဆုကို ရရှိ ခဲ့ခြင်းဖြစ်ပါသည်။ ကုမ္ပဏီ တွင် အလုပ်လုပ်လာသည့် ကာလတလျှောက် မိမိ၏ ရိုးသားကြိုးစားမှု ကိုကုမ္ပဏီမှ အသိအမှတ်ပြုခြင်းကြောင့် ဆုရခြင်းထက်ပိုပြီး အတိုင်းထက် အလွန် ဝမ်းသာမိပါသည်။Haven ကုမ္ပဏီ မှာရှိ သည် ဝန်ထမ်းများ မှစပြီး Director အထိ အားလုံးက မိသားစု စိတ်ဓါတ်ရှိခြင်းတို့ ကြောင့် လုံခြုံ နွေးထွေးပြီး
ပျော်ရွှင်စရာကောင်းပါသည်။ MD & ED ကိုယ်တိုင် မိမိ မသိနားမလည်သည်များကို အသေး စိတ်သင်ပြပေးပြီး
လိုအပ်သည့် သင်တန်းများကိုလည်း တက်နိုင်ရန် တိုက်တွန်း အားပေးမှုများရှိခြင်း ကြောင့် ဒီနေ့ဒီချိန်မှာမိမိ ကိုယ်ကို ယုံကြည်မှု ရှိရှိနဲ့ တိုးတက်အောင်မြင်မှုတွေ ရရှိလာခြင်းဖြစ်ပါသည်။ Company မှ ချမှတ်ထားတဲ့ System များကလည်း ဝန်ထမ်းတိုင်းအတွက် နည်းယူ ၊ အတုယူဖွယ်ကောင်းပြီး ဒီ Haven Company မှာ
အလုပ်လုပ်နေသည့်ကာလ အတွင်း မိမိအတွက် မတူညီသည့် အတွေ့အကြုံအသစ်များ အမြဲတမ်း ရနေခြင်း
တို့ကြောင့် ပိုမိုကောင်းမွန်သည့် တိုးတက်မှုများစဉ်ဆက်မပျက် ရနေမည်ဟုယုံကြည်မိပါသည်။ကုမ္ပဏီ မှ MD & ED ၏ သွန်သင်ဆုံးမ မှုများ ကို ခံယူပြီး မိမိဘ၀ တိုးတက်အောင်မြင်စေ သော Haven Group of Companies တွင် ရေရှည် လက်တွဲ လုပ်ကိုင်မည်ဟုခံယူချက် ထားပါသည်။
Assistant construction Manager
ကျွန်တော်ကတော့ Feb 2018 မှ စတင်ကာ Site Engineer ရာထူးဖြင့် စတင်ဝင်ရောက်လာခဲ့ပြီး ယခုအခါ Assistant Construction Manager ရာထူးအထိ အဆင့်ဆင့်တိုးမြှင့်ခြင်းခံရသည့် ဝန်ထမ်းတစ်ဦးဖြစ်ပါသည်။Haven Group of Companies ၏ စွမ်းဆောင်ရည် ထူးချွန်ထက်မြက်သော Good Performer ဆုကိုလည်း ရရှိခဲ့ပါသည်။ကျွန်တော် အနေဖြင့် Haven Company ဟာဆိုလိုရှိရင် Construction Company ဖြစ်သည့်အလျောက် Quality နှင့် Safety ပိုင်းကို အထူးဦးစားပေးသော ကြောင့် Company ၏ခံယူချက်ကို လည်း ကြိုက်နှစ်သက်ရပါသည်။Techniques ပိုင်းဆိုင်ရာများနှင့် Construction Management များအားလည်း သင်ယူခွင့်ရခြင်းများကြောင့် မိမိ၏ ဘာသာရပ် ပိုင်းဆိုင်ရာများနှင့် ပက်သက်ပြီး အသိပညာ၊ဗဟုသုတများတိုးတက်လာခြင်းများကိုလည်းရရှိစေပါသည်။ မိမိကြိုးစားမှုနှင့် အရည်အချင်း
များပေါ်မှုတည်ပြီး နှစ်စဉ် October လတိုင်းတွင် Promotion နှင့် Salary increment များတိုးပေးခြင်း၊ ဝန်ထမ်းများပျော်ရွှင်စေရန် Staff Party များပြုလုပ်ပေးခြင်း၊ နှစ်စဉ် April လတိုင်းတွင်လည်း Promotion နှင့် Bonus ပေးခြင်း အစီအစဉ်များပြုလုပ်ပေးခြင်းတို့ကြောင့် ဝန်ထမ်းတိုင်းအတွက် စိတ်ကျေနပ်မှု များစွာ ရရှိစေပြီး ပျော်ရွှင်ရပါသည်။ထို့ကြောင့် Haven Group of Companies တွင် ရေရှည် လက်တွဲလုပ်ကိုင်မည် ခံယူထားပါသည်။
Accountant
ကျွန်မသည် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ တွင် Cashier ရာထူးဖြင့် စတင်ဝင်ရောက်ခဲ့ပြီး MD နှင့် ED တို့၏ သင်ကြား ပြသမှုများကို သေချာစွာလိုက်နာပြီး ကြိုးစားလုပ်ဆောင်ခဲ့သည့်အတွက် Cashier မှ Accountant သို့ ရာထူးတိုးခဲ့ပါသည်။ ကျွန်မသည် Hotel လုပ်ငန်းမှ ဆောက်လုပ်ရေးလုပ်ငန်းသို့ ပြောင်းခဲ့သည့်အတွက် လုပ်ငန်းခွင် တွင် အခက်အခဲများကြုံတွေ့ခဲ့ရသော်လည်း ED မှ မသိသေးသည့် အကြောင်းအရာများကို အခြေခံကစပြီး သင်ကြားပေးခဲ့သောကြောင့် လုပ်ငန်းအတွေ့အကြုံများစွာကိုရရှိခဲ့သည်။ Covid – 19 ဒုတိယလှိုင်းတွင်လည်း ကျွန်မသည် ပိုးကူးစပ်ခံခဲ့ရပြီး MD နှင့် ED တို့က လိုအပ်သည့်အစားအသောက်နှင့် ဆေးဝါးများကို ပို့ဆောင်ပေးခဲ့ သည့်အပြင် မိမိတို့၏ဆွေမျိုးအရင်းချာပမာ လိုအပ်သော ကူညီမှုများနှင့် အားပေးမှုများစွာ လုပ်ဆောင်ပေးခဲ့ပါ သည်။၊
ယခုကဲ့သို့ လိုအပ်သည့်အချိန်တွင် အိမ်နှင့်ဝေးပြီး အလုပ်လုပ်နေရသည့် ကျွန်မတို့အတွက် မိသားစုကဲ့သို့ နွေးထွေး လုံခြုံမှုကို ခံစားခဲ့ပါသည်။ မိသားစုသဖွယ်နွေးထွေးသည့် Haven Group of Companies တွင် ကျွန်မဘဝ တိုးတက်လမ်းများကို ဆက်လက်ရှာဖွေသွားမည် ဖြစ်ပါသည်။
Senior Site Engineer
ကျွန်တော်သည် Senior Site Engineer ရာထူးဖြင့် ၂၀၁၈ ဒီဇင်ဘာလမှစတင်ပြီး Haven တွင် အလုပ်စတင်ဝင် ရောက်ခဲ့ပါသည်။ MD ၏ သင်ကြားပြသမှုများကြောင့် လုပ်ငန်းအတွေ့အကြုံများစွာရရှိခဲ့ပြီး ဆောက်လုပ်ရေးနှင့် သက်ဆိုင်သည် ပညာရပ်များကိုလည်း ပိုမိုလေ့လာခွင့်ရရှိခဲ့ပါသည်။ ကျွန်တော်တို့ ၂၀၂၁ ခုနှစ်တွင် အခက် အခဲပေါင်းများစွာ ရင်ဆိုင်ခဲ့ရသည့်အခြေအနေတွင် MD သည် ဝန်ထမ်းများအပေါ် သားသမီး၊ ညီအကိုမောင်နှမများ ကဲ့သို့ သဘောထားပြီး အလုပ်အကိုင် အခွင့်အလမ်းများကိုဖန်ပေးတီးပေးခဲ့သည့်အတွက် ယခင်ကတည်းက Company စီးပွားရေးအား မိမိ စီးပွားရေးကဲ့သို့ တိုးတက်စေချင်သည့် စိတ်သည် ပိုမို ခိုင်မာအမြစ်တွယ်စိတ်ထား ဖြစ်မိပါသည်။ ယခုလို အခက်အခဲများကြုံတွေ့ချိန်တွင် အခြား Originationများသည် လူလျော့ခြင်း၊ လစာလျော့ ခြင်းများ ဖြစ်နေသည့်ကြားမှ မိမိတို့အတွက် ငဲ့ညှာသနားမှုကို အထူးပင်ကျေးဇူးတင်မိပါသည်။
ထို့ကြောင့် ကျွန်တော်သည် Haven တွင် လိုအပ်လာလျှင်လည်း အကောင်းဆုံးပေးဆပ်ပြီး အဆိုးများနှင့် ကြုံလာ လျှင်လည်း အတူတကွရင်ဆိုင်ဖို့ ဆုံးဖြတ်ထားပါသည်။
Accountant
ကျွန်မသည် ၂၀၁၇ ခုနှစ် ဩဂုတ်လမှစပြီး Haven တွင် Accountant ရာထူးဖြင့်စတင် အလုပ်ဝင်ရောက်ခဲ့ပါသည်။ လုပ်ငန်းဝင်ရောက်ခဲ့သည့်အချိန်မှစ၍ ယနေ့အချိန်အထိ MD နှင့် ED တို့မှ မသိသေးတာများကို သေချာသင်ကြားပြသပေးပြီး အမှားများကိုလည်းပြုပြင်ပေးသည့်အတွက် လုပ်ငန်းနှင့်သက်ဆိုင်သည့် အတွေ့အကြုံ ဗဟုသုတများစွားကိုရရှိခဲ့ပါသည်။ ဗဟုသုတများရရှိသည့်အပြင် ၂၀၂၁ခုနှစ် Covid-19 တတိယလှိုင်းတွင် ကျွန်မသည် Coivd-19 ပိုးကူးစပ်ခံရပါသည်။ ရောဂါ ကူးစပ်ခံရသည့်အချိန်တွင် MDသည် လိုအပ်သည့်ဆေးဝါးများနှင့် အစားအသောက်များကို ပို့ဆောင်ပေးခဲ့ပြီး အနားယူသည့်
အရေးကြုံလာသည့်အခါ မိသားစုကဲ့သို့ မားမားမတ်မတ်ရှိသည့် Haven Group of Companies တွင် ကျွန်မသည် အကောင်းဆုံးသင်ယူသွားမည်ဖြစ်ပါသည်။
Site Engineer
ကျွန်မသည် ၂၀၁၈ ခုနှစ် နိုင်ဝင်ဘာလမှ စတင်ပြီး Assistant Site Engineer ရာထူးဖြင့် Haven တွင် အလုပ်ဝင်ရောက်ခဲ့ပြီး မိမိ၏ကြိုးစားမှုကို အသိအမှတ်ပြုကာ Site Engineer ရာထူးသို့ တိုးမြှင့်ခံခဲ့ရပါသည်။ Haven တွင် အလုပ်လုပ်ခွင့်ရသည့်အတွက် ဆောက်လုပ်ရေးပညာရပ်သာမက Management အပိုင်းတွင် ယခင်က ထက်ပိုမိုတိုးတက်လာသောကြောင့် များစွာဝမ်းသာမိပါသည်။ ယခု ၂၀၂၁ ခုနှစ်တွင် အဆင်မပြေမှုများစွာနှင့် ကြုံတွေနေရသောလည်း MD သည် ဝန်ထမ်းများအပေါ် မိသားစုသဖွယ် လိုအပ်သည်များကို ပံ့ပိုးကူညီပေးခဲ့ပါ သည်။ ကျွန်မသည် Covid (Third Wave) တွင် ရောဂါပိုးကူးစပ်ခြင်းကြောင့် အိမ်တွင်အနားယူခဲ့သော်လည် လစာများကို ဖြတ်တောက်ခဲ့ခြင်းမရှိပါ။ မိမိ၏ ဝန်ထမ်းများအရေးကြုံလာသည့်အခါ မားမားမတ်မတ် ရပ်တည် ပေးခဲ့ပါသည်။ ကျွန်မသည် Haven တွင် အတွေ့အကြုံများစွာကိုသင်ယူရင်း ဘဝအတွက်လိုအပ်သည့် ပညာရပ် များကို သင်ယူနေမည်ဖြစ်ပါသည်။
Personal Assistant
၂၀၁၉ ခုနှစ် ဇွန်လတွင် ကျွန်မ၏ ပထမဦးဆုံးအလုပ်ကို Haven ၏ Receptionတွင် စတင်ဝင်ရောက်ခဲ့ပြီး အလုပ်ကြိုးစားခဲ့သည့်အတွက် Assistant Purchaser ရာထူးသို့ တိုးမြှင့်ခြင်းခံခဲ့ရပါသည်။ အလုပ်ကြိုးစားလျှင် ကြိုးစားသလောက် အသိအမှတ်ပြုပေးသည့်အတွက် Purchaser ရာထူးမှ Personal Assistant ရာထူးအထိ ရောက်ရှိပြီ လုပ်ငန်းနှင့်ပက်သက်သည်များကို များစွာလေ့လာသင်ယူခွင့်ရရှိခဲ့ပါသည်။ MD ၏ လမ်းညွှန်ပြသပေးမှု များကြောင့် လုပ်ငန်းခွင်အတွင်း မိမိကိုယ်ကို ယုံကြည်မှုများစွာ ရရှိခဲ့သည့်အပြင် Management ပညာရပ်ကိုလည်း အနီးကပ်တစေ့တစောင်း လေ့လာသင်ယူခွင့်ရခဲ့ရှိပါသည်။
ကျွန်မတို့ ၂၀၂၁ ခုနှစ်တွင် နိုင်ငံရေးပဋိပက္ခများ ရောဂါဆိုးများ ကြုံတွေခဲ့ရသည့်အခြေအနေတွင် MD သည် ဝန်ထမ်းများ လျော့ခြင်းမရှိခဲ့သလို လုပ်ငန်းများ ပိတ်ထားသည့်အချိန်တွင်လည်း လစာများ ဖြတ်တောက်ခဲ့ခြင်း မရှိဘဲ အပြည့်အဝပေးခဲ့ပါသည်။ မိသားစုနှင့်အဝေးတွင် အလုပ်လုပ်နေရသည့်အချိန်တွင် MD သည် မိသားစုသကဲ့ သို့ ဝန်ထမ်းများအားလုံးပေါ်တွင် ဂရုစိုက်ပေးခဲ့ပါသည်။ ကျွန်မသည် Haven Group of Companies တွင် MD ၊ ED တို့ သင်ကြားပေးမှုများနှင့်အတူ တစ်နေ့ထက်တစ်နေ့ ပိုမိုတိုးတက်အောင် လုပ်ကိုင်ဆောင်ရွက်သွားမည် ဖြစ်ပါ သည်။
ကျွန်တော်သည် Haven စတင်မတည်ထောင်ခင်ကတည်းက Haven ၏ မိဘ Company ဖြစ်သည့် Aung Thiha Co., Ltd. တွင် အလုပ်ဝင်ရောက်ခဲ့ပါသည်။ ကျွန်တော်သည့် Aung Thiha ဝန်ထမ်းဖြစ်သည့်အပြင် Haven ၏ ငွေလွှဲ၊ ငွေပေး ကိစ္စများကို စတင်တည်ထောင်ခဲ့သည့် ၂၀၁၃ ခုနှစ်မှစ၍ ယနေ့တိုင် ကျွန်တော်က တာဝန်ယူပြီးဆောင်ရွက်ပေးခဲ့ပါသည်။ ကျွန်တော်သည် Covid-19 တတိယလှိုင်းတွင် Covid ရောဂါကြောင့် အသက်ဆုံးရှုံးနိုင်သည့် Critical အရေးပေါ်အခြေအနေသို့ ရောက်ရှိခဲ့ပါသည်။ ထိုအချိန်တွင် Haven Chairman နှင့် MD တို့မှ ဝယ်ရန်ခက်ခဲနေသည့် လိုအပ်သောဆေးဝါးများ၊ ငွေကြေး၊ ဝယ်ယူရန်လွန်စွာခက်ခဲသည့်ကြားမှ Oxygen Cylinder နှင့် Oxygen Concentrator စက်အသစ်များကို ကူညီထောက်ပံ့ပေးခဲ့သည့်အတွက်ကြောင့် အသက်ဘေးမှ လွတ်မြောက်ခဲ့ပါသည်။ ဆရာဝန်များ လက်လျော့လိုက်ရသည့် ကျွန်တော်သည် Haven Company မိသားစု၏ စေတနာကြောင့် ယခုဆိုရင် လုပ်ငန်းခွင်အတွင်း ပြန်လည်ဝင်ရောက်နိုင်ပြီ ဖြစ်သည့်အတွက် များစွာကျေးဇူးတင်မိပါသည်။ ဒါ့အပြင် ဝန်ထမ်းများအပေါ် သားသမီးညီအကိုမောင်နှမများကဲ့သို့ အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရသည့် ယခု ၂၀၂၁ ခုနှစ်တွင် ဝန်ထမ်းများလျော့ခြင်း၊ လစာမျာ လျော့ခြင်းမရှိခဲ့ပါ။
Haven နှင့် အတူ လက်တွဲလုပ်ဆောင်ရခြင်းကြောင့် တိုးတက်မှုများရှိပြီး Haven နဲ့အတူ အခက်အခဲများကြုံလာရင်လည်း အတူ လက်တွဲလုပ်ဆောင်သွားမည် ဖြစ်ပါသည်။
Haven HR team believes in “Work hard, Play hard culture”.
We strictly adhere our utmost non-discrimination HR policy throughout our entire HR process from recruitment, selection, employment, performance appraisal, promotion, termination, etc to ensure that all our employees and potential candidates are fairly treated based on their education, skillsets, work experience, etc regardless of gender, religion, skin colour, disability, etc.
We are continuously searching talented, innovative and loyal candidates, who can grow our business responsibly and to become market leader in the near future. We provide competitive salary and various performance based allowances to motivate and retain talented candidates. Similarly, our inhouse and outsourced trainers are also continuously providing weekly trainings to enhance our existing staff’s ability and productivity as well as to improve our people professional knowledge and career.
Please find exciting and rewarding job opportunities that are available as below.